သထုံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေးနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ရှောင်ရန် ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ မတ် ၁၇ 
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ သထုံရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေးနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်အသိပညာပေးခြင်း၊ ဥပဒေရေးရာအသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား သင်တန်းကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
    အဆိုပါ အသိပညာပေးဟောပြောပွဲ၌ သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေးနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်အသိပညာပေးခြင်းအား သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်မှလည်းကောင်း၊ ဥပဒေရေးရာ အသိပညာ ပေးခြင်းအား ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးအောင်ပိုင်ဖြိုးမှလည်းကောင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးခြင်းအား မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူးတင်ကိုကိုမှလည်းကောင်း အသီးသီး ဟောပြောခဲ့သည်။
    အသိပညာပေးဟောပြောပွဲသို့ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သထုံခရိုင်ဦးစီးမှူးရုံးနှင့် လူငယ်သင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph