Tango နိုင်ငံတကာအဖွဲ့အစည်းမှ WFP ၏ ဆောင်ရွက်လျက်ရှိသည့် PRRO-200299 စီမံကိန်းဆိုင်ရာဆန်းစစ်အကဲဖြတ်မှု တွေ့ရှိချက်များအား ဆွေးနွေးခြင်းအစည်းအဝေး ပြုလုပ်ခြင်း

နေပြည်တော် စက်တင်ဘာလ ၁၉ ရက်
    ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ မြန်မာနိုင်ငံတွင် (၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် PRRO-200299 အား စီမံကိန်းဆိုင်ရာ ဆန်းစစ်အကဲဖြတ်မှုလုပ်ငန်းအား ဆောင်ရွက်ခဲ့သည့် တန်ဂို (Tango) နိုင်ငံတကာအဖွဲ့အစည်းအနေဖြင့် WFP ၏ စီမံကိန်းဧရိယာများသို့ သွားရောက်လေ့လာပြီးနောက် ဆန်းစစ်အကဲဖြတ်မှု တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် အုပ်စုလိုက်ဆွေးနွေးခြင်း၊ အမေးအဖြေ ပြုလုပ်ခြင်းအစည်းအဝေးအား (၁၉-၉-၂၀၁၆) ရက်နေ့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ အစည်းအဝေးအား နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ ကျင်းပခဲ့ပြီး အခြေခံပညာ ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားအာဟာရဌာနတို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။
    ထိုသို့ တွေ့ဆုံရာတွင် တန်ဂို (Tango) နိုင်ငံတကာ အဖွဲ့အစည်းမှ WFP ၏ စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု၊ အကောင်အထည်ဖော်မှု၊ အရင်းအမြစ်ရရှိမှုအခြေအနေဆိုင်ရာ ဆန်းစစ်အကဲဖြတ်မှု တွေ့ရှိချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး တက်ရောက်လာကြသူများမှ လိုအပ်သည်များအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

 

Post Paragraph