တာချီလိတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၉) သင်တန်းဖွင့်လှစ်အခမ်းအနားကျင်းပ

တာချီလိတ် အောက်တိုဘာ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွက်ကဲမှုအောက်ရှိ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၉) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ တာချီလိတ် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံက သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားပြီး ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌက သင်တန်းသူများအား ပံ့ပိုးပစ္စည်းနှင့် အလှူငွေများ ပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းသို့ တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းလား၊ မိုင်းဖြတ်၊ ကျိုင်းလတ်၊ တာလေ၊ မိုင်းကိုး၊ ဝမ်လုံးနှင့် တာချီလိတ်မြို့တို့မှ အမျိုးသမီးငယ် ၃၀ ဦးတက်ရောက်ခဲ့ပြီး နိုင်ငံတော်မှ ကျောင်းအိပ်ကျောင်းစား စရိတ်ငြိမ်းနှင့် သင်ထောက်ကူပစ္စည်း ၃၉ မျိုးပံ့ပိုးပေးကြောင်း သင်တန်းတွင် လက်မနှင့် စင်တီမီတာ စက်ချုပ်နည်း ၂၂ မျိုး၊ လက်မှုပညာရပ် ၁၀ မျိုး၊ မုန့်လုပ်နည်းနှင့် ဟင်းလျာချက်ပြုတ်နည်း ၁၂ မျိုးကို ရက်သတ္တပတ် ၂၂ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph