နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၅၁ ဒသမ ၅၅၀သန်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့မိုင်းပါလျှိုးကျေးရွာအုပ်စု ဝမ်ယန်း ကျေးရွာတွင် 50 W ဆိုလာ ၇၅ စုံတပ်ဆင်ခြင်းနှင့် မိုင်းတုံမြို့နယ် နမ့်ဟူးခွန်ကျေးရွာအုပ်စု ကျေးရွာပေါင်း သုံးရွာတွင် 50 W ဆိုလာ ၅၁၀ စုံတပ်ဆင်ခြင်းလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ မိုင်းပါလျှိုးကျေးရွာအုပ်စု ဝမ်ယန်းကျေးရွာအိမ်ခြေ ၇၅ အိမ်၊ လူဦးရေ ၃၇၇ ဦးနှင့် မိုင်းတုံမြို့နယ် နမ့်ဟူးခွန်ကျေးရွာအုပ်စု ကျေးရွာပေါင်းသုံးရွာ၊ အိမ်ခြေ ၅၁၀ အိမ်၊ လူဦးရေ ၂၅၉၆ ဦး စုစုပေါင်း ၂၉၇၃ ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုပါကြောင်း လာမည့်ဘဏ္ဍာရေးနှစ်များတွင်လည်း နှစ်စဉ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းများဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။