ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်း(၁/၂၀၂၃)သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် မေ ၉
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ လေ့ကျင့်ရေးအထက်တန်းကျောင်း၏ နွေရာသီ ကျောင်းပိတ်ရက်၌ ကျောင်းသား၊ ကျောင်းသူများ အကျိုးရှိစေရန်ရည်ရွယ်၍ ယဉ်ကျေး လိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို လေ့ကျင့်ရေးအထက်တန်းကျောင်းတွင် လည်းကောင်း၊ အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကို Theatre ခန်းမတွင်လည်းကောင်း ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။ 
    အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့မှ မေလ ၂၄ ရက်နေ့အထိ ဖွင့်လှစ် ပို့ချမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၁၂၈ ဦး တက်ရောက်သင်ကြားလျက် ရှိကြောင်း  သိရသည်။ 
 

Post Paragraph