နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် အာရှ-ဂျပန်ပေါင်းကူးအဖွဲ့ (BAJ) အဖွဲ့နှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်း ဆောက်လုပ်ခြင်း စီမံကိန်းအား၂၀၁၃ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ စီမံကိန်း ၂ ကြိမ်ဖြင့် အမေရိကန် ဒေါ်လာ ၁၆.၉၃၂ သန်း သုံးစွဲပြီး စာသင်ကျောင်း ၁၈၀ ဆောက်လုပ်ခြင်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
![]() |
![]() |
အာရှ-ဂျပန်ပေါင်းကူးအဖွဲ (BAJ) အဖွဲ့အနေဖြင့် စီမံကိန်းစတင်သည့် ၂၀၁၃ ခုနှစ်မှ ၂၀၂၁ ခုနှစ်၊ မတ်လအထိ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ကျောက်ဖြူ၊ မြောက်ဦး၊ ရမ်းဗြဲ၊ မာန်အောင်၊ မြေပုံ၊ အမ်း၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်မြို့နယ်များတွင် အမေရိကန်ဒေါ်လာ ၁၄.၆၆၃ သန်းသုံးစွဲ၍ စာသင်ကျောင်း ၁၄၈ ကျောင်း ဆောက်လုပ်ပြီးစီးပြီး ဖြစ်ပါသည်။ စီမံကိန်း ဒုတိယအကြိမ် ၂၀၁၈-၂၀၂၂ စီမံကိန်းတွင် ဆောက်လုပ်ရန်ကျန်ရှိသည့် စာသင်ကျောင်းများအား ရံပုံငွေထောက်ပံ့သည့် နိပွန်ဖောင်ဒေးရှင်းမှ တိုက်ရိုက်တာဝန်ယူ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
![]() |
![]() |

