ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဦး ကရင်ပြည်နယ်၊ မြိုင်ကြီးငူ ဆရာတော်ကြီး၏ (၆၈)နှစ်မြောက် ဝိဇာတ မင်္ဂလာ အထိမ်းအမှတ် ဆွမ်းကပ်လှူခြင်းနှင့် လူငယ်သင်တန်းကျောင်း၊ စက်မှုလက်မှုသင်တန်း ကျောင်းနှင့် အိမ်တွင်းမှု သင်တန်းကျောင်းတို့သို့ သွားရောက်စစ်ဆေး

၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၀ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဦးသည် နယ်စပ်ရေးရာ၀န်ကြီးဌာနကိုယ်စား ကရင်ပြည်နယ်၊ မြိုင်ကြီးငူ ဆရာတော်ကြီး၏ (၆၈)နှစ် မြောက် ဝိဇာတမင်္ဂလာ အထိမ်းအမှတ် သံဃာတော်အပါး (၁၁၀၀၀) ဆွမ်းကပ်လှူခြင်း အခမ်းအနား တက်ရောက်ခဲ့ပြီး ကရင်ပြည်နယ်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်း ကျောင်း (ဘားအံ၊သထုံ)၊  နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း(ဘားအံ)၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ဘားအံ၊ မြိုင်ကြီး ငူ)နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆိပ္ဖူးတောင် ပရဟိတကျောင်းတို့သို့ (၂၀-၇-၂၀၁၆) ရက်နေ့မှ(၂၃-၇-၂၀၁၆) ရက်နေ့အထိ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

Post Paragraph