နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အား တန်ဂို (Tango) နိုင်ငံတကာအဖွဲ့အစည်း၏ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

နေပြည်တာ် သြဂုတ်လ ၃၀ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးအား ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ Protracted Relief and Recovery Operation (PRRO) စီမံကိန်းအား ဆန်းစစ်အကဲဖြတ်မှု လုပ်ငန်းများ ဆောင်ရွက်မည့် တန်ဂို (Tango) နိုင်ငံတကာအဖွဲ့အစည်းမှ International Evaluator ဖြစ်သူ Ms. Jeanne Frances နှင့် အဖွဲ့သည် ယနေ့နံနက် (၉) နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထို့သို့ တွေ့ဆုံရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် WFP တို့ ပူးပေါင်း၍ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဆောင်ရွက်လျက်ရှိသည့် Protracted Relief and Recovery Operation (PRRO) စီမံကိန်းလုပ်ငန်း အကောင်အထည် ဖော် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ စီမံကိန်းဆိုင်ရာ အချက်အလက်များအား ဆွေးနွေးခဲ့ကြ ပါသည်။