နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား Malteser International ၏ Country Director ဖြစ်သူ Mr.Gerhard Serafin လာရောက်တွေ့ဆုံ

နေပြည်တော် ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်

     နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား Malteser International ၏ Country Director ဖြစ်သူ Mr.Gerhard Serafin မှ (၂၁-၉-၂၀၁၆) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံရာ Malteser International မှ ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ ၂၀၁၆ ခုနှစ် စက်တင်ဘာလ အထိ စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၁၆ ခုနှစ် မှ ၂၀၁၉ ခုနှစ်အထိ ဆက်လက် ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာ (MoU) သက်တမ်းတိုးမြှင့်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

Post Paragraph