နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် နေပြည်တော်အတွင်းရှိ ၀န်ကြီးဌာနလက်အောက်ရှိ ၀န်ထမ်းအိမ်ရာနှင့် စိုက်ခင်းများအား ကြည့်ရှု့စစ်ဆေး

နေပြည်တော်၊ သြဂုတ်လ ၁၄ ရက်    
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် တာ၀န်ရှိသူများ လိုက်ပါလျက် ကံ့ကော်အိမ်ရာ၊ ခရေအိမ်ရာနှင့် သုခသိဒ္ဓိအိမ်ရာများအား (၁၄-၈-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် ကံ့ကော်အိမ်ရာရှိ တိုက်အမှတ် (၂၆၂)၊ (၂၆၄)နှင့် (၂၆၅)အားလည်းကောင်း၊ ခရေအိမ်ရာရှိ တိုက်အမှတ် (၉၆)၊ (၉၅)၊ (၈၉)၊ (၈၈)နှင့် (၉၀)အားလည်းကောင်း၊ သုခသိဒ္ဓိအိမ်ရာရှိ တိုက်အမှတ် (၄၃၀၃)၊ (၄၃၀၂)၊ (၄၃၂၁)နှင့် (၄၁၀၅)အားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဒုတိယ၀န်ကြီးမှမှာကြားရာတွင် အိမ်ရာများအား သန့်ရှင်းသပ်ရပ်စွာနေထိုင်ရေး၊ အိမ်ရာများရှိပျက်စီးမှုများရှိပါကလည်း ပြုပြင် ရန်အတွက် ၀န်ကြီးဌာနမှတဆင့်တင်ပြရန်၊ တိုက်ခေါင်မိုးပေါ်ရှိ ရေတိုင်ကီများအား မိုးဒဏ်၊ လေဒဏ်ခံနိုင်ရန်အတွက် သစ်သားတိုင်များအား ပြန်လည်ပြုပြင်အတွက် တင်ပြသွားရန်၊ ၀န်ထမ်းများ၏အခက်ခဲများအား တာ၀န်ရှိသူများမှ တဆင့်တင်ပြပြီး ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ခင်းများအားလည်း ရာသီအလိုက် သီးနှံများ စိုက်ပျိုး ထားရှိမှသာ ၀န်ထမ်း သက်သာချောင်ချိရေးအတွက် အထောက်အကူ ဖြစ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တာ၀န်ရှိသူများအား လိုအပ်သည်များအား ဖြည့်ဆည်းပေးရန်မှာ ကြားခဲ့ ကြောင်း သိရှိရပါသည်။

 

Post Paragraph