နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

ဇန်နဝါရီ ၄ ရက်

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး သည် ၃၁-၁၂-၂၀၂၁ မှ ၃-၁-၂၀၂၂ ရက်နေ့အထိ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ပင်လုံ၊ ပင်းတယ၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း အောင်ပန်း နှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း ကွန်ဟိန်းတို့၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအား သွားရောက် စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။