နေပြည်တော် အောက်တိုဘာ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း၊ ထားဝယ်၊ လပွတ္တာ၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ တို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမအကြိမ် သင်တန်း တွင် ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင် သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတို့၏ သင်တန်းဆင်းပွဲအခမ်းအနားအား ၈-၁၀-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းများ၌ ကျင်းပဆောင်ရွက်ခဲ့ရာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်း ကျောင်း၊ ထားဝယ် တွင် တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က လည်းကောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ လပွတ္တာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့် က လည်းကောင်း ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ ပုဏ္ဏားကျွန်းတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့် က လည်းကောင်း၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း၊ ကျောက်ဖြူတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးချမ်းသာ က လည်းကောင်း အသီးသီးတက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြား ခဲ့ပါသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ထားဝယ်၊ စက်မှုလက်မှုသင်တန်းကျောင်းမှ ထူးချွန်ဆုရသင်တန်းသားများအား လည်းကောင်း၊ လပွတ္တာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက လပွတ္တာစက်မှုလက်မှုသင်တန်းကျောင်းမှ ထူးချွန်ဆုရ သင်တန်းသားများအားလည်းကောင်း၊ စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ပုဏ္ဏားကျွန်း စက်မှုလက်မှုသင်တန်းကျောင်းမှ ထူးချွန်ဆုရသင်တန်းသားများအား လည်းကောင်း၊ ကျောက်ဖြူ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျောက်ဖြူ စက်မှုလက်မှု သင်တန်းကျောင်းမှ ထူးချွန်ဆုရသင်တန်းသားများအား လည်းကောင်း ထူးချွန်ဆုများနှင့် သင်တန်းသားများအတွက် သင်တန်းဆင်း အောင်လက်မှတ်များအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ ပါသည်။
အဆိုပါ သင်တန်းကျောင်း ၄ ကျောင်းတွင် ဆောက်လုပ်ရေးသင်တန်းသား ၂၀ ဦး ၊ လျှပ်စစ်သင်တန်းသား ၅၀ ဦး၊ ဂဟေသင်တန်းသား ၄၀ ဦး၊ မော်တော်ယာဉ်စက်ပြင်သင်တန်းသား ၅၀ ဦး နှင့် လက်ကိုင်ဖုန်းပြင် သင်တန်းသား ၂၀ ဦး ၊ စုစုပေါင်း ၁၈၀ ဦးဖြင့် သင်တန်းကာလ ၆ လကြာ လက်တွေ့ခန်းသုံးပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာ ထောက်ပံ့ပေးပြီး နေထိုင်၊ စားသောက်ရေးအခမဲ့ဖြင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပါ သည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း၉ ကျောင်းတို့မှ ယနေ့ထိ စက်ပြင်သင်တန်းတွင် ၂၀၈၉ ဦး၊ ဆောက်လုပ်ရေးသင်တန်းတွင် ၇၉၂ ဦး၊ လျှပ်စစ် သင်တန်းတွင် ၁၀၄၆ ဦး၊ ဂဟေသင်တန်းတွင် ၉၈၈ ဦး၊ မော်တော်ယာဉ်စက်ပြင်သင်တန်း တွင် ၅၉၅ ဦးနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတွင် ၁၇၄ ဦး၊ စုစုပေါင်း ၅၆၈၄ ဦး သင်တန်းဆင်းပေးနိုင် ခဲ့ပြီး အလုပ်အကိုင်ရရှိသူ ၃၆၁၁ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၆၃.၅၃% အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။