နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် (၂၄-၈-၂၀၁၇)ရက်နေ့မှ (၂၅-၈-၂၀၁၇)ရက်နေ့အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံနှင့် တာချီလိတ်ဒေသများ သို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

      ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၂၄-၈-၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ သို့ရောက်ရှိပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ် သည်များမှာကြားကာ ရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ သွားရောက်ကာ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဆရာ/ဆရာမများနှင့်သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းဝန်း အတွင်းရှိ သင်တန်းသူများ၏ လက်မှုလုပ်ငန်းများ၊ စက်ချုပ်သင်တန်း၊ အိပ်ဆောင်၊ စားရိပ်သာနှင့် သီးနှံစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ မွန်းလွဲပိုင်း တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (လွယ်မွေ) သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် ကျောင်းသားများအား တွေ့ဆုံမှာကြားပြီး ကျောင်းဝန်းအတွင်းရှိ ကျောင်းသား အိပ်ဆောင်၊ စားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။
     ဆက်လက်၍ (၂၅-၈-၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့သို့ ရေပေးဝေမည့် နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်း ကျောင်း(ကျိုင်းတုံ)သို့ သွားရောက်ကာ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံပြီး လိုအပ်သည်များမှာကြား ပြီးနောက် ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းဝန်းအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ ဆက်လက်ထွက်ခွာ ခဲ့ရာ တာချီလိတ်မြို့ရှိ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှု စစ်ဆေးပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း သို့ရောက်ရှိကာ ဝန်ထမ်းများနှင့်တွေ့ဆုံမှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Post Paragraph