နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး H.E. Mr. Roland Kobia အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၁၈ ရက်
          နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် သည် ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး H.E. Mr. Roland Kobia အား ယနေ့နံနက် (၁၁) နာရီအချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
          ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ကချင်ပြည်နယ်ရှိ IDP များအား လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ ထောက်ပံ့ကူညီပေးနေမှုအခြေအနေများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြ ပါသည်။
          အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။