နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ဝင်များမှ လာရောက်တွေဆုံ

နေပြည်တော်၊ အောက်တိုဘာလ ၂၀ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် ကိုဖီအာနန်ဖောင်ဒေးရှင်း တို့အကြား သဘောတူညီမှုဖြင့် တည်ထောင်ခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ဝင်များမှ ယနေ့နေ့လည် (၂:၀၀) နာရီ အချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့သည်။
    ထိုသို့ တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးမှ ရခိုင်ပြည်နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ပေးမှုအခြေအနေများ၊ နေရပ်စွန့်ခွာ ဒုက္ခသည်များသည်များအတွက် ထောက်ပံ့ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ လတ်တလော ရခိုင်ပြည်နယ် မြောက်ပိုင်း ဖြစ်စဉ်များ ကြောင့် နေရပ်မှ ခေတ္တစွန့်ခွာသူများ လတ်တလောစားဝတ်နေရေး အဆင်ပြေစေရန် ထောက်ပံ့မှု များနှင့် နေရပ်သို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် ဒေသလုံခြုံရေး၊ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမည့် အစီအမံအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
     တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် သက်ဆိုင်ရာလုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။

 

Post Paragraph