နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)သို့ သွားရောက်ကြ

နေပြည်တော် ဇန်နဝါရီ  ၁၇
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် ဖြိုးသန့်သည် ဇန်နဝါရီ ၁၇ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ရှိ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သို့ ‌ရောက်ရှိပြီး တက္ကသိုလ် အစည်းအဝေး ခန်းမ၌ ပါမောက္ခချုပ်၊ ဌာနမှူးများနှင့်တွေ့ဆုံကာ ပါမောက္ခချုပ်က တက္ကသိုလ်၏ စီမံရေးရာနှင့် သင်ကြားရေးဆိုင်ရာများ ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 
    ဒုတိယဝန်ကြီးသည် တက္ကသိုလ်စာကြည့်တိုက်၊ ပြတိုက်တို့အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကိုဗစ်-၁၉ နှင့် အညီ ဖွင့်လှစ်လျက်ရှိသော ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးဘွဲ့ သင်တန်း အမှတ်စဉ်(၅)စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) သင်တန်းအတွက် စာသင်ဆောင်၊ အိပ် ဆောင်၊ စားရိပ်သာများအား ကြည့်ရှုစစ်ဆေးသည်။ ၎င်းနောက် တက္ကသိုလ်ရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မှီခိုမိသားစုဝင်များ သက်သာချောင်ချိရေးနှင့် အသား၊ငါး၊ ဟင်းသီး ဟင်းရွက်များ ဖူလုံစွာ စားသောက်နိုင်ရေး ဆောင်ရွက်ထားသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ နှင့်တွေ့ဆုံကာ ထောက်ပံ့ငွေများပေးအပ်သည်။ 
    ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒီဂရီကောလိပ်(စစ်ကိုင်း)သို့ သွားရောက်ပြီး အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများနှင့်တွေ့ဆုံပြီး ကျောင်းအုပ်ကြီးက ကျောင်း၏ စီမံ၊ လေ့ကျင့်၊ သင်ကြားရေး ဆိုင်ရာများ ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ စားရိပ်သာ များတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စားသောက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ အိပ်ဆောင်များ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလ မှ မတ်လအထိ) ၆လ ဘတ်ဂျက်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း များ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ အလေအလွင့် မရှိစေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်ဝစေရေးတို့ကို မှာကြားသည်။ ထို့နောက် ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဝန်ထမ်းများ၊ A.G.T.I ဒုတိယနှစ် (ဒုတိယနှစ်ဝက်) သင်တန်း တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ ထောက်ပံ့ငွေ များပေးအပ်ခဲ့သည်။ 
    ဒုတိယဝန်ကြီးသည် တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံရာတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး (အိုမီခရွန်)နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေထိုင် ကြရန်လိုကြောင်း၊ တက္ကသိုလ်၏ ရည်မှန်းချက်နှင့်အညီ စည်းလုံးညီညွတ်စွာဖြင့် ပညာကို ကြိုးစားသင်ယူရန်လိုအပ်ကြောင်း၊ ပြင်ပ ပယောဂများ နားမယောင်ဘဲ ပါတီနိုင်ငံရေး ကင်းရှင်း ရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ခန္ဓာကိုယ်ဖွံ့ဖြိုးရေးအတွက် အာဟာရ ပြည့်ဖြည့်စွက်စာများ ကျွေးမွေးလျက်ရှိပြီး အားကစားပိုင်းတွင်လည်း ထိထိရောက်ရောက် လေ့ကျင့်၍ အားကစားမြှင့်တင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
    ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့ ၅ နှစ်သင်တန်း စတုတ္ထနှစ်(ဒုတိယနှစ်ဝက်)သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၉၉ ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) A.G.T.I ဒုတိယနှစ် (ဒုတိယနှစ်ဝက်)သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၅၅ ဦးတို့အား သတ်မှတ် ပညာသင်ကာလအတွင်း လေ့ကျင့်ရေး၊ သင်ကြားရေးပိုင်းတွင် အရည်အသွေးပြည့်မီစွာ မွေးထုတ် သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
 

Post Paragraph