
နေပြည်တော်၊ ဒီဇင်ဘာလ ၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၃ ရက်နေ့က ပူတာအိုမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းနှင့် အမျိုးသမီး သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့သို့ သွားရောက်စစ်ဆေးခဲ့သည်။
ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ဝန်ထမ်းများ ၊ အိမ်တွင်းမှု သင်တန်းသူများ၊ ကျောင်းသား/သူများ နှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့် သင်တန်းသူများ၊ ကျောင်းသူ/ကျောင်းသားများအား ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းဝန်းအတွင်း ကွန်ကရစ်ရေမြောင်း ဆောင်ရွက်မှုနှင့် ကျောင်းသား/သူ အိပ်ဆောင်များအား လှည့်လှည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဒီဇင်ဘာလ ၄ ရက်နေ့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ဟိုပင်)သို့ရောက်ရှိကာ ကျောင်းသား/သူများ နှင့် တွေ့ဆုံအမှာစကားပြောကြား၍ ထောက်ပံ့ငွေ များပေးအပ်ကာ ကျောင်းဝန်းအတွင်း ကွန်ကရစ်ရေမြောင်း၊ ခြံစည်းရိုးကာရံ ဆောင်ရွက်နေမှုနှင့် ကျောင်းသား/သူ အိပ်ဆောင်များအား လှည့်လှည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒီဇင်ဘာလ ၅ ရက်နေ့တွင် အမှတ်(၁) / (၂) နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(မြစ်ကြီးနား) သို့ရောက်ရှိကာ ကျောင်းသား/သူများနှင့် တွေ့ဆုံအမှာစကား ပြောကြား၍ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းဝန်း အတွင်း သန့်ရှင်းရေး၊ ထမင်းချက်ဆောင်၊ စိုက်ပျိုးရေးဆောင်ရွက်ထားမှုနှင့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များအား လှည့်လှည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အတူ နေ့လည်စာ စားသုံးခဲ့ကြောင်း သတင်းရရှိပါသည်။
