နယ်စပ်ရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပပြုလုပ်

ဖေဖော်ဝါရီလ ၁၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား ယနေ့ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ်ဖြိုးသန့်၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။
    ဦးစွာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသည့် အသင်းများကို ဆုများပေးအပ်ကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ ပြိုင်ပွဲဝင် အသင်း ၃ သင်း ပါဝင်ခဲ့ကြပြီး ပြိုင်ပွဲဝင် အသင်းများအနေဖြင့် ပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကာ  ဝန်ထမ်းများကလည်း အိုးစည်၊ ဒိုးပတ်ဝိုင်းများဖြင့် ပျော်ရွှင်စွာ အားပေးကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

Post Paragraph