နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဉီးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းနှင့် အိမ်တွင်းမှု သင်တန်းများဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်   မေ  ၂၇

         နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ပုသိမ်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယနေ့နံနက် (၀၈:၀၀) နာရီအချိန်ကျင်းပ ပြုလုပ်သည့် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းအမှတ်စဉ်(၄)၊ အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၉)၊ အဆင့်မြင့် စက်ချုပ်သင်တန်းအမှတ်စဉ် (၈) သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူး နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧည့်သည်တော်များနှင့် သင်တန်းသူများ အပါအဝင်(၁၇၀)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်း တွင် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာဧည့်ကြိုသင်တန်းသူ (၂၅)ဦး၊ အိပ်ခန်းဆောင်သင်တန်းသူ(၂၅)ဦး၊ အစားအစာ နှင့် အဖျော်ယမကာဝန်ဆောင်မှု သင်တန်းသူ (၂၅)ဦးစုစုပေါင်း (၇၅) ဦး ကို သင်တန်း ကာလ (စာတွေ့)(၃လ)(လက်တွေ့) (၃လ) စုစုပေါင်း(၆) ဖြင့်လည်းကောင်း၊ အခြေခံ အိမ်တွင်းမှုသင်တန်းသူ(၅၀)ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းသူ (၂၀)ဉီး စုစုပေါင်း(၇၀)ဦးကို သင်တန်း ကာလရက်သတ္တ (၁၄)ပတ် ဖြင့်လည်းကောင်း သင်ကြားလေ့ကျင့် ပေးသွားမည်ဖြစ်ပါသည်။ အလားတူ ပခုက္ကူအိမ်တွင်းမှု သင်တန်းကျောင်းတွင်လည်း ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာဧည့်ကြိုသင်တန်းသား/သူ(၂၅)ဦး၊ အိပ်ခန်း ဆောင်သင်တန်းသား/သူ (၂၅)ဦး၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှု သင်တန်းသား /သူ(၂၅)ဦး စုစုပေါင်း (၇၅) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။

         ယနေ့ ပုသိမ်နှင့်ပခုက္ကူကျောင်းများအပါအဝင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန လက်အောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(၄၁)ကျောင်း ၌  သင်တန်းဖွင့်ပွဲအခမ်းအနားများ အသီးသီးကျင်းပ ပြုလုပ်ခဲ့ရာ အခြေခံအိမ်တွင်းမှု သင်တန်းသူ(၂၀၅၀)ဦး အဆင့်မြင့်စက်ချုပ်သင်တန်းသူ(၈၂၀)ဦး သိုးမွေးစက်ဆွဲသင်တန်းသူ(၅)ဦး အခြေခံ လက်ရက်ကန်း သင်တန်းသူ(၃)ဦး ရိုးရာဂျပ်ခုတ် သင်တန်းသူ(၁၅)ဦး စုစုပေါင်း(၂၈၉၃)ဦး အား သတ်မှတ် သင်တန်းကာလ အတိုင်း သင်ကြား လေ့ကျင့်ပေးသွားမည်ဖြစ်ပါသည်။

       ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၃) စာတွေ့/လက်တွေ့ သင်တန်း ကာလ(၆)လ ပြီးမြောက်သည့် သင်တန်းဆင်းပွဲအခမ်းအနားကို(ပုသိမ်)၌ ဆက်လက် ကျင်းပခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်မှ သင်တန်းဆင်းသင်တန်းသူ(၇၅)ဦး အား သင်တန်းဆင်း လက်မှတ် (Certificate) ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အလားတူ ပခုက္ကူ အိမ်တွင်းမှုသင်တန်းကျောင်း၌ ဟိုတယ် ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းအမှတ်စဉ်(၃) စာတွေ့ လက်တွေ့ပြီးမြောက်သည့် သင်တန်းသား (၄၅) ဦး၊ သင်တန်းသူ (၃၀)ဦး စုစုပေါင်း(၇၅)ဦး အား သင်တန်းဆင်းပွဲပြုလုပ်ပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့် ခဲ့ပါသည်။

          ပုသိမ်နှင့်ပခုက္ကူအိမ်တွင်းမှုသင်တန်းကျောင်းမှ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ် (၃)အထိ သင်တန်းသား/သူ(၄၅၀)ဦး သင်တန်းဆင်းပေးခဲ့ပြီး ၎င်းအနက်မှ ပုဂံဇုံရှိ ဟိုတယ်များ၌(၅၅)ဦး၊ မန္တလေးဇုံရှိ ဟိုတယ်များ၌(၇၅)ဦး၊ မကွေးဇုံရှိဟိုတယ်များ၌(၂၀) ဦး၊ ရန်ကုန်ဇုံရှိဟိုတယ်များ၌(၉)ဦး၊ နေပြည်တော်ဇုံရှိဟိုတယ်များ၌(၉)ဦး၊ ငွေဆောင်ဇုံရှိ ဟိုတယ်များ ၌ (၄၇)ဦး၊ ချောင်းသာဇုံရှိ ဟိုတယ် များ၌(၁၂၀)ဦး၊ သက်ဆိုင်ရာအခြားမြို့နယ်များရှိ ဟိုတယ်များ၌(၅၂)ဦး စုစုပေါင်း(၃၈၇)ဦးသည် အလုပ်အကိုင်ရရှိပြီးဖြစ်ပါ၍ ရာခိုင်နှုန်း အားဖြင့်(၈၆%)ရှိနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

Post Paragraph