နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၁၇)ဖွင့်လှစ်

နေပြည်တော်၊ ဇူလိုင်လ  ၃၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ဝန်ထမ်းများ အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၁၇)ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက်(၀၈:၀၀)နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်အမှာ စကားပြောကြား ခဲ့ပါသည်။
    အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းအား (၃၁-၇-၂၀၁၇)ရက်နေ့မှ (၂၉-၉-၂၀၁၇)ရက်နေ့ထိ ရက်သတ္တ(၉)ပတ် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီးသင်တန်းအား ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်/စစ်ကိုင်း၊ အင်္ဂလိပ်စာဌာနများမှ ပါမောက္ခ (၃)ဦးက အင်္ဂလိပ်စာ 4 Skillsအား လာရောက်သင်ကြားသွားမည်ဖြစ်ပါသည်။ သင်တန်းသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ   အရာထမ်း၊ အမှုထမ်း(၂၅)ဦး တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။

 

Post Paragraph