နယ်စပ်ရေးရာဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ပေးအပ်

နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာနက ရခိုင်ပြည်နယ်၊ မောင်တောမြို့ (မြောက်ပိုင်း) ရှိ နှစ်ဖက် လူ့အဖွဲ့အစည်း မိသားစုများအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ရိက္ခာများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားအား ယနေ့နေ့လည် (၁) နာရီအချိန်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်မှ မောင်တောမြို့ (မြောက်ပိုင်း) ရှိ နှစ်ဖက်လူ့အဖွဲ့အစည်း မိသားစုများအား နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ လူသားချင်းစာနာထောက်ထားမှု အကူအညီရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
     ယခုပြုလုပ်ခဲ့သော အခမ်းအနား၌ နယ်စပ်ရေးရာဝန်ကြီးဌာနက ရခိုင်ပြည်နယ်၊ မောင်တောမြို့ (မြောက်ပိုင်း) ရှိ နှစ်ဖက်လူ့အဖွဲ့အစည်း၏ အိမ်ထောင်စု စုစုပေါင်း (၁၆၄၂၄) စု လူဦးရေ စုစုပေါင်း (၁၃၉၇၄၅) ဦးအတွက် ဆန်အိတ် (၄၀၀၀) အိတ်၊ ဆီ (၈၂၁၂) ပိဿာ၊ ဆား (၈၂၁၂) ပိဿာ၊ ပဲ (၈၂၁၂) ပိဿာ နှင့် ငါးခြောက် (၄၀၀) ပိဿာ တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

Post Paragraph