နယ်စပ်ရေးရာဝန်ကြီးဌာနက မိုင်းပျဉ်းမြို့နယ်အတွင်း၌ ဆိုလာစနစ်ဖြင့် ချောင်းရေတင်စီမံကိန်း အပြီးသတ်ဆောင်ရွက်

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ဟောင်ကန်ကျေးရွာ အုပ်စု၊ ဟိုခိုကျေးရွာနှင့် ဝမ်နောင်ကျေးရွာအကြား ကွင်းအမှတ်(၇)ဝမ်မတ်ကွင်းအတွင်းရှိ တောင်သူ များ၏ စိုက်ပျိုးရေးလုပ်ငန်းပေါ်တွင် 2.5 KW ဆိုလာစနစ်တည်ဆောက်၍ 1500 W ရေပန့် တပ်ဆင် ကာ ချောင်းရေတင်၍ ရာသီသီးနှံစိုက်ပျိုးခြင်းလုပ်ငန်းအတွက် ဧပြီ ၂ ရက်မှ စတင်ကာ ကျောက်စီ ရေစုကန်တည်ဆောက်ခြင်း၊ မြေသားရေလှောင်ကန် တူးဖော်ခြင်း၊ လယ်ရေတွင်း မြေသား မြောင်းတူးဖော်ခြင်း၊ ဆိုလာ/ရေပန့်နှင့်ဆက်စပ်ပစ္စည်းများတပ်ဆင်ခြင်း၊ ရေပန့်အဆောက်အအုံ တည်ဆောက်ခြင်း၊ စိုက်ပျိုးရေလွှတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်း များ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
    လုပ်ငန်းပြီးစီးမှုအခြေအနေအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ပြီး ဆိုလာ/ရေပန့် အသုံးပြုနည်းနှင့် ထိန်းသိမ်းနည်းများကို ဒေသခံတောင်သူများအား ရှင်းလင်းပြသကာ ကျေးရွာ ဆိုလာထိန်းသိမ်းရေးကော်မတီသို့ လုပ်ငန်းများအပ်နှံခဲ့ကြောင်း သိရသည်။

Post Paragraph