နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသများမှ စာပေပရိယတ္တိသင်ကြားလျှက်ရှိသာ တိုင်းရင်းသား/တိုင်းရင်းသူ သာမဏေ၊ သီလရှင်၊ ကျောင်းသား/ကျောင်းသူများအတွက် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ ၂၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကျောင်းများ ဖြစ်သည့် ကလေးဝတောရ၊ ပိတောက်ရွှေဝါ၊ ရတနာ့ဗိမာန်ကျောင်းများ၌  စာပေပရိယတ္တိသင်ကြား လျက်ရှိသော နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးစု (၂၂) စုမှ သာမဏေ၊ သီလရှင်၊ ကျောင်းသား/ကျောင်းသူများအတွက် ၁၉၉၃ ခုနှစ်မှစတင်၍ ၂၀၁၆ ခုနှစ် ယနေ့အထိ လစဉ် ဆန်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းခဲ့သည်မှာ (၂၃) နှစ် ရှိခဲ့ပြီး ဖြစ်ပါသည်။
    ယနေ့ နေ့လည် (၂) နာရီတွင် အဆိုပါစာသင်တိုက်များသို့ ဆန်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ် လှူဒါန်းပွဲကို နာဂလှိုဏ်ဂူရှိ ကလေး၀ တောရစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် သြဝါဒ စရိယ ဒွိပိဋကဓရ ဒွိပိဋကကောဝိဒ၊ အဂ္ဂမာပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ကလေးဝတောရ ဆရာတော် လယ်တီ ဘဒ္ဒန္တဇာဂရာဘိဝံသက အနုမောဒနာတရားတော်ကို ဧည့်ပရိသတ်များအား ချီးမြှင့်တော်မူပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆရာတော်များထံ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
    ယနေ့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မရမ်းကုန်းမြို့နယ်၊ ပရိယတ္တိစာသင်တိုက် (၃) ကျောင်းရှိ တိုင်းရင်းသား/ တိုင်းရင်းသူ၊ သာမဏေ၊ သီလရှင်၊ ကျောင်းသား/ကျောင်းသူ (၁၅၆၅) ဦးအတွက် ဆန် (၂၄၃) အိတ်၊ ဆီ (၂၃၅) ပိဿာ၊ ဆား (၂၃၅) ပိဿာ၊ ကုလားပဲ (၄၇၀) ပိဿာ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါ သည်။

 

Post Paragraph