နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် မေ ၇
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားခရိုင် ဓမ္မဝိဟာရကျောင်းတိုက်ရှိ သံဃာတော်များနှင့် သာမဏေများအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားစားသောက်ဖွယ်ရာများအပြင် သံဃာတော်များနှင့် သာမဏေ များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှိ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲ မရှိစေရေးအတွက် စာသင်တိုက်များသို့လည်းကောင်း၊ ပရဟိတကျောင်းများသို့လည်းကောင်း စားနပ်ရိက္ခာများ ထောက်ပံ့ လှူဒါန်းလျက်ရှိသည့်အပြင် ဒေသအသီးသီးရှိ ကိုဗစ်-၁၉ စင်တာများသို့လည်း စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သိရသည်။

Post Paragraph