မတ်လ ၁၆ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် ၃၄၂ သန်းဖြင့် ညောင်ခြေထောက် - ဥမင် - ပန်းတော- ပါသက်- သရက်ကုန်း - ဘူးတောင်းလမ်း လေးသီရွာအနီး ခေါပုတ်ချောင်း ၁၅၀ ပေ နှစ်လွှာ ၁ ထပ် ဘေလီတံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ဗန်းမောက်မြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်းနှင့်အဖွဲ့သည် ယနေ့တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည် ။
    ယခင်က ဒေသခံပြည်သူများ ခက်ခဲစွာဖြတ်သန်းသွားလာနေရသော ခေါပုတ်ချောင်းကူး နေရာတွင် အဆိုပါ ၁၅၀ ပေ ဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးပါက  ဗန်းမောက် မြို့နယ်ရှိ ဒေသခံပြည်သူများနှင့် လေးသီ-ညောင်ခြေထောက် - ဥမင် - ပန်းတော- ပါသက်- သရက်ကုန်း - ဘူးတောင်း လမ်းပေါ်ရှိ ဒေသခံပြည်သူများ  အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သွားလာဆက်သွယ် နိုင်မည်ဖြစ်သည့်အပြင် လူမှုရေး ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ များ ပိုမိုဖွံ့ဖြိုးရေးအတွက် လည်းများစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။