နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကော့သောင်းမြို့နယ်၊ နမ္မတွန် - ရွာဟေ့လူ မြေသားလမ်းအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်

မတ်လ ၂၈ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ကော့သောင်းမြို့နယ်၊ နမ္မတွန်-ရွာဟေ့လူ နယ်စပ်ပတ်မြေသားလမ်း ၃၆ မိုင် ၂ ဖာလုံပေါ်တွင် မြေသားလမ်းပြုပြင်ခြင်းနှင့် အမာခံလမ်း ၅ မိုင် ခင်းခြင်းလုပ်ငန်းအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၈၂ ဒသမ ၆၆၉ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရပါသည်။

          အဆိုပါ နယ်စပ်ပတ်မြေသားလမ်းအား နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြေလမ်း ၁၄ မိုင် ၂ ဖာလုံအားလည်းကောင်း၊ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြေလမ်း ၂၂ မိုင် အားလည်းကောင်း၊ စုစုပေါင်း ၃၆ မိုင် ၂ ဖာလုံအား ဖောက်လုပ်ခဲ့ပြီး ယခုအခါ လမ်းရေရှည်တည်တံ့စေရန်အတွက် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။