နယ်စပ်ရေးရာဝန်ကြီးဌာနမှ မွန်ပြည်နယ်အတွင်း ရေရှားပါးသော ရပ်ကွက်/ ကျေးရွာများ၌ စက်ရေတွင်းများတူးဖော်ပေးလျက်ရှိ

ဇွန်လ ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး၊ မီးလင်းရေးလုပ်ငန်းများအား အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီး၌ ရေရှားပါးသော ရပ်ကွက်/ ကျေးရွာများတွင် စက်ရေတွင်းများ တူးဖော်ပေးလျက်ရှိပါသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် ၅၀ သန်း ဖြင့် မော်လမြိုင် မြို့နယ်၊ နောင်ခရီရပ်ကွက်၊ သံဖြူဇရပ်မြို့နယ်၊  ဝဲရက်ကျေးရွာ၊ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာ၊ ရေးမြို့နယ် ပြည်သူ့ဆေးရုံနှင့် သီရိနန္ဒာရပ်ကွက်တို့တွင် ၄ လက်မ စက်ရေတွင်း(တွင်းနက်)  ၅ တွင်း တူးဖော်ပေးခဲ့ပြီး ရေထွက်ရှိအောင်မြင်ပြီဖြစ်၍ စက်ရေတွင်း တစ်တွင်းစီအတွက် ကွန်ပရက်ဆာနှင့် ရေစက်ရုံ၊ ဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန် တစ်ကန်တို့ကို ဆက်လက် တည်ဆောက်ပေးလျက်ရှိကြောင်း သိရှိရသည်။