နယ်စပ်ရေးရာဝန်ကြီးဌာနမှ သထုံမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများအား အဆင့်မြှင့်တင်ဆောင်ရွက်

ဇွန်လ ၁၈ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားပြည်သူများ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် များစွာ အထောက်အကူဖြစ်စေသည့် လမ်း/ တံတား လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၂၁၇ ဒသမ ၂၅၇ သန်းဖြင့် သထုံမြို့နယ်အတွင်းရှိ ဘူဒင်းချောင် - ထိန်ပင် ကျေးရွာချင်းဆက် ကျောက်ချောလမ်း ၁ မိုင်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှု အခြေအနေများအား မွန်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးနှင့် တာဝန်ရှိသူများ ယနေ့ ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်းသိရှိရသည်။