ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်း နယ်စပ်ဒေသကျေးရွာချင်းဆက်လမ်းများဖောက်လုပ်

မတ်လ ၂၅  ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသကျေးရွာချင်းဆက် လမ်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၈၃ ဒသမ ၀၆၇ သန်းဖြင့် မန်တုံ-အူဆပ်- ကုန်းရောင်း-ကောင်းဆုံ - လွယ်ဆောင် - ပန်သျှို- တောနေ - နမ့်ဟိုင်း (မိုင်းမော်) လမ်းပိုင်းအတွင်း မြေသားလမ်း ၂ မိုင် ဖောက်လုပ်ပြီးစီးမှုအခြေအနေအား ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူ များမှ ယနေ့ ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်း ၉၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်းသိရှိရပါသည်။

          အဆိုပါ မန်တုံ - အူဆပ် - ကုန်းရောင်း - ကောင်းဆုံ - လွယ်ဆောင် - ပန်သျှို - တောနေ -နမ့်ဟိုင်း (မိုင်းမော်) လမ်းသည် ၃၈ မိုင် ၂ ဖာလုံ ရှည်လျားပြီး ယခင်က ကိုယ်ထူကိုယ်ထ ဆိုင်ကယ် လမ်းသာ ရှိခဲ့ပြီး ဒေသခံ ပြည်သူများ၏ တင်ပြတောင်းဆိုမှုအရ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် မှစတင်ကာ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ရန်ပုံငွေ ရရှိမှု အပေါ်မူတည်၍ ဘဏ္ဍာရေး နှစ်အလိုက် ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ မြေသားလမ်း ၃၃ မိုင်နှင့် အတက် အဆင်းမတ်စောက်သော နေရာများ တွင် ကျောက်လမ်း ၈ မိုင် ၄ ဖာလုံ ထည့်သွင်း ဖောက်လုပ် ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ၅ မိုင် ၂ ဖာလုံအား နောင်ဘဏ္ဍာနှစ်များတွင် ဆက်လက်ဖောက်လုပ် နိုင်ရေးအတွက် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။