ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးအား လက်ခံတွေ့ဆုံ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Mr. Ola Almgren အား ယနေ့နံနက် (၁၁) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
    ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသများတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများတွင် နေထိုင်သည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများအား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများအပြင် ကုလသမဂ္ဂ၊ NGOs ၊ INGOs၊ အဖွဲ့အစည်းများနှင့် ဆောင်ရွက်နေမှု အခြေအနေများ၊ UNDP၊ UNHCR၊ WFP တို့နှင့်လည်း ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှု၏ အကျိုးရလဒ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေး၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာကိစ္စရပ်များနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်း စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
    အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

 

Post Paragraph