ရေဖြူမြို့နယ်၊ ဖားဥချောင်းကူး ၁၂၀ ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီး

အောက်တိုဘာလ     ရက်

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စု၊ ကင်ပွန်းချောင်း - ပေါက်ပင်ကွင်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဖားဥချောင်းကူး ၁၂၀ ပေ သံကူကွန်ကရစ်တံတား           ၁ စင်းနှင့် ၁၀ ပေ သံကူကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းများအား နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေကျပ် ၂၄၅ ဒဿမ ၅၆၄ သန်းဖြင့် အကောင် အထည်ဖော် တည်ဆောက်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းပေါ်တွင် အမှန်တကယ် လိုအပ်သည့် သံကူကွန်ကရစ်တံတား ၂ စင်း တည်ဆောက်ပေးခဲ့မှုကြောင့် ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၃ ရွာ၊ အိမ်ခြေ ၉၁၈ အိမ်၊ လူဦးရေ ၄၉၀၃ ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုလျက်ရှိကြောင်း သတင်းရရှိသည်။