ရှမ်းပြည်နယ်( မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂

            နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသကျေးရွာများ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေးအတွက် ကျေးရွာချင်းဆက် လမ်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ မိုင်းယုလေး-ဂျုံနော-ရှောက်ပန်းကုံး - မုံးဝီးလမ်း( ၂၇ /၀) မိုင်လမ်းပေါ်တွင် (၄/၄) မိုင် အပြီးသတ်မြေလမ်း ဖောက်လုပ်ခြင်းနှင့် မုံးကိုး - မန်ဂျက် - ပန်လုံ - လွယ်ကန် - ကီလာပ (၈/၀) မိုင်လမ်းပေါ်တွင် ဗြုန်းကျောက် (၄ /၀) မိုင်ခင်းခြင်း၊ မုံးဝီး -  မုံးပေါ်လေးလမ်း (၁၇/၀) မိုင်လမ်းပေါ်တွင် ဗြုန်းကျောက် (၅/၀ ) မိုင်ခင်းခြင်း လုပ်ငန်းများအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် (၄၄၉.၀၀၀) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းခွင်သို့ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။