၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၄

          နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကွတ်ခိုင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အဓိကကျသော လမ်း/တံတားလုပ်ငန်းများအနက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ခွင့်ပြုရန်ပုံငွေကျပ် (၉၂၁.၀၀၀) သန်းဖြင့် မြေလမ်း (၄/၄) မိုင် ကျောက်ချောလမ်းနှင့် ဗြုံးကျောက်ခင်းခြင်း (၁၂/၀)မိုင် ၁၅ ပေ ကွန်ကရစ်တံတား တစ်စင်းနှင့် (၅၂၆') ပေ Box Culvert (၅) စင်းတို့အား ဒေသခံပြည်သူများ သွားလာရေး လွယ်ကူမြန်ဆန်စေရေးအတွက် တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

          အဆိုပါဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက် ရှိပါကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။