‌မတ်လ  ၁၁  ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာနမှ လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် လမ်းများအား လမ်းပန်းဆက်သွယ်မှု ကောင်းမွန်မြန်ဆန်စေရေး၊ နယ်စပ်ဒေသရှိ ကျေးရွာနေပြည်သူများ လူမှု စီးပွား ဘဝများ မြင့်မားတိုးတက်စေရေးအတွက် ယခင်ကျောက်ခင်းလမ်းပိုင်းများအား ကတ္တရာ ထပ်ပိုးလွှာအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

          အဆိုပါ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းမှ လားရှိုးမြို့နယ်၊ မန်ကောင်း (မိုင်းယန်း) - ဟိုခို (ဂျာယန်) လမ်းပိုင်းနှင့် ပုန်းထွန် - ဟန်နားရွာချင်းဆက်လမ်းပိုင်း (၃/၀) မိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၀၆.၅၀၀ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ အဆိုပါလုပ်ငန်းခွင်သို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများမှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက် နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။