‌မတ်လ ၁၀ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ မိုင်းရယ်မြို့နယ် အတွင်းရှိ နယ်စပ်ဒေသကျေးရွာများ၏ ကျေးရွာချင်းဆက်လမ်းပိုင်းများအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။ 

          ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ မိုင်းရယ်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဗြုန်းကျောက်/ ကျောက်ချောလမ်းခင်းခြင်း (၁၀/၆) မိုင်အား နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြု ရန်ပုံငွေကျပ် ၇၅၂.၄၆၀ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး ၏ (၇၅%) ခန့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး အဆိုပါ လုပ်ငန်းခွင်သို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူ များမှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရပါသည်။