ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီး

ဩဂုတ်လ ရက်

             နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၂၂၂၀ ဒသမ ၄၅၆ သန်းဖြင့် မြေသားလမ်း ၁၅ မိုင်၊ ကျောက်ချောလမ်း ၇ မိုင် ၄ ဖာလုံ၊ ၉၅ ပေ ကွန်ကရစ်တံတား  ၁ စင်း၊ Box Culvert ၂၇ စင်း၊ သောက်သုံးရေသွယ်ယူခြင်း ၂၁ မိုင်နှင့် ရေလှောင်ကန် ၇ ကန် တို့အား ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သည်။

             အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် နယ်စပ်ဒေသရှိ ဒေသခံ တိုင်းရင်းသားပြည်သူများ သန့်ရှင်းသော သောက်သုံးရေများရရှိခြင်း၊ သွားလာရေး လွယ်ကူ မြန်ဆန်ခြင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေပြီး ရိုးရာယဉ်ကျေးမှုများ ဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများဖြစ်ထွန်း၍ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည် ဖြစ်ကြောင်း သတင်းရရှိသည်။