မတ်လ ၁၆ ရက်

                  နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် ၃၂၇ ဒသမ ၃၄၁ သန်းဖြင့် ဝမ်ကောင်း-ပါမူ ကျေးရွာချင်း ဆက်လမ်း ၃ မိုင်အနက် ကျန် ၂ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ ခွင့်ပြုရန်ပုံငွေကျပ် ၂၅ ဒသမ ၇၇၄ သန်းဖြင့် အဆိုပါ လမ်းပေါ်ရှိ ၁၀ ပေ အရှည်ရှိသည့် ကွန်ကရစ် တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၄ ဒသမ ၃၈၅ သန်းဖြင့် ၅ ပေ အရှည်ရှိ Box Culvert ၄ စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့အား မိုင်းဆတ်ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ် ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်မှ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းများ အားလုံး ၄၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရှိရပါသည်။

              အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် မိုင်းဆတ်မြို့နယ်အတွင်း ကျေးရွာ ၇ ရွာ ရှိ အိမ်ခြေ ၂၀၂ အိမ် ၊ လူဦးရေ ၁၁၇၉ ဦးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်စည်များ တိုးတက် ထုတ်လုပ်လာနိုင်ပြီး မိုင်းခုတ်မြို့နှင့် မိုင်းဆတ်မြို့များသို့ အလွယ်တကူ တင်ပို့ရောင်းချ လာနိုင်မည် ဖြစ်ကာ ကျေးရွာများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများလည်း တစ်ပြိုင်တည်း တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။