ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပြီးစီး

ဇူလိုင်လ ၆ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝန်ကြီးဌာန၏ မူဝါဒ ( ၄ )ရပ်ဖြစ်သော နယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသတွင် နေထိုင် သော ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊  နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးစေရေးနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်( ၂၂၂၀ . ၄၅၆ )သန်းဖြင့် မြေသားလမ်း( ၁၅ / ၀ )မိုင်ကျောက်ချောလမ်း( ၇ / ၄ )မိုင်၊ ကွန်ကရစ်တံတား ၉၅' × ၁၂'( ၁ )စင်း၊ ၅' ×  ၅' × ၂၆' Box Culvert( ၂၇ )စင်း သောက်သုံးရေ သွယ်ယူခြင်း ( ၂၁ / ၀ )မိုင်နှင့် ရေလှောင်ကန် ( ၇ )လုံးတို့အား ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် နယ်စပ်ဒေသအစွန်အဖျားရှိ ဒေသခံတိုင်းရင်းသားပြည်သူများ သန့်ရှင်းသော သောက်သုံးရေများရရှိပြီး သွားလာရေးလွယ်ကူ မြန်ဆန်စေကာ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေပြီး ရိုးရာယဉ်ကျေး မှုများ ဖလှယ်နိုင်ကာ လူမှုစီးပွားဘဝများမြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။

Post Paragraph