သဘာဝဘေးအန္တရာယ်ဆိုင်ရာအခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်အခမ်းအနားကျင်းပ

စက်တင်ဘာ ၂၂ ရက်၊ ၂ဝ၂၁

            နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ သထုံ တွင် ၂၀-၉-၂၀၂၁ ရက်နေ့ နံနက်ပိုင်းက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းကို မွန်ပြည်နယ် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုင်ရာစည်းကမ်းချက်များနှင့်အညီ သင်တန်းဖွင့် အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။

              အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးဝင်း က တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ၄ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

              နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန် နှင့် စစ်ကိုင်း)၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၃၀)ကျောင်းတို့တွင် ဆရာ၊ ဆရာမများ ကြီးကြပ်လျက် ကျောင်းသား/ ကျောင်းသူများဖြင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ (Rescue Team)များ ဖွဲ့စည်း ထားပြီး သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။