သိန္နီမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ကျောက်ချောလမ်းအပြီးသတ်ဆောင်ရွက်

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၁၇                                           

          နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တိုင်းဒေသကြီး ပြည်နယ်များအတွင်း ဟန်ချက်ညီညီဖွံ့ဖြိုးရေးတိုးတက်စေရေးအတွက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းန္နီမြို့နယ်အတွင်းရှိ နယ်စပ်ဒေသအစွန်များရှိ ကျေးရွာများအား ကျေးရွာချင်းဆက်လမ်းများ အဖြစ် ဖော်ဆောင်လျက်ရှိပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ် နမ့်စလပ် - ဟိုနား - မန်ဆာကျေးရွာချင်းဆက်လမ်းပိုင်း( ၂ )မိုင်အား ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်ကာ မြေသားလမ်းအဖြစ် ဖောက်လုပ်ပေးနိုင်ခဲ့ပါသည်။ ယခုအခါ အဆိုပါ ကျေးရွာချင်းဆက်လမ်းမှ တစ်ဆင့် လားရှိုး၊ သိန္နီ၊ ဟိုပန်၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်မြို့သို့ ရာသီမရွေးအချိန်မရွေး သွားလာမှုလွယ်ကူမြန်ဆန်စေရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်( ၂၇၅ . ၅၀၄ )သန်းဖြင့် အဆိုပါမြေသားလမ်းအား ကျောက်ချောလမ်း ( ၂ / ၀ )မိုင်အဖြစ်   အဆင့်မြှင့်တင်ခြင်းစတင်ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းခွင်သို့ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီး ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရှိရပါသည်။