သထုံခရိုင်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

အောက်တိုဘာလ         ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၉၄၀ ဒသမ ၄၅၇ သန်းဖြင့် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံ၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်များတွင် ကျောက်လမ်း ၄ မိုင်၊ ကတ္တရာလမ်း ၁ မိုင်၊ ကွန်ကရစ်လမ်း ၁ မိုင်၊ ၂၀ ပေ RC တံတား ၁ စင်း၊ Box Culvert ၄ စင်း၊ ကွန်ကရစ်ရေပြွန် ၂ စင်း၊ လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ၂ ခု၊ မြေထိန်း နံရံ ၂ ခု၊ စက်ရေတွင်း ၁ တွင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ သတ်မှတ် ချိန်အမီ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်းနှင့် ဒေသတွင်းရှိ ကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ဒေသထွက်ကုန်များ အချိန်မီ ပို့ဆောင်နိုင်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာ အထောက်အကူပြုကြောင်း သတင်းရရှိသည်။