စက်မှုလက်မှုသင်တန်းကျောင်း

  • သမိုင်းအကျဉ်း

         ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး (၂/၂၀၀၄) ဆုံးဖြတ်ချက်အပိုဒ် ၈ တွင် နယ်စပ်ဒေသရှိ လူငယ်လေးများအတွက် လက်သမားအတတ်၊ ပန်းရန် အတတ်၊ သံချည်သံကွေးအတတ်၊ အိမ်ပုံစံဆွဲခြင်းအတတ် စက်မှုလက်မှုအတတ်ပညာများ သင်ကြားပေးမည့်ကျောင်းများ တည်ထောင်ဖွင့်လှစ်သင်ကြားပေးရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။

  • ရည်ရွယ်ချက်

    ၁။

    ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲသည့် လူငယ်များ ဖြစ်လာစေရန်။

    ၂။

    ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေးသုံးပါကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များ ဖြစ်လာစေရန်။

    ၃။ 

    စက်မှုလက်မှုပညာရပ်များတတ်မြောက်၍ သင်တန်းဆင်းပြီးပါက မိမိဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ပြန်လည် ဆောင်ရွက်စေရန်။

    ၄။

    နယ်စပ်ဒေသစက်မှုလက်မှုလုပ်ငန်းများထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရန်။

    ၅။ 

    စက်မှုလက်မှုပညာရပ်များတတ်မြောက်၍ သင်တန်းဆင်းပြီးသွားပါက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းဖြင့် စား၀တ်နေရေးဘက်စုံတိုးတက်ပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်။

  • သင်တန်းသားအရည်အချင်းသတ်မှတ်ချက်

         နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း တက်ရောက်မည့် သင်တန်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်မှာအောက်ပါအတိုင်းဖြစ်ပါသည်-

    ၁။ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
    ၂။ အလယ်တန်းပညာအဆင့်ရှိသူ (သို့) မြန်မာစာနှင့်အင်္ဂလိပ်စာ ရေးတတ်ဖတ်တတ်သည့် အဆင့်ရှိရမည်။
    ၃။ အသက်(၃၀)နှစ်ထက်မကြီးသူအမျိုးသားဖြစ်ရမည်။
    ၄။ ကိုယ်လက်အင်္ဂါပြည့်စုံ၍ ကျန်းမာရေးကောင်းမွန်ပြီး ကူးစက်ရောဂါကင်းရှင်းသူဖြစ်ရမည်။
    ၅။ သင်တန်းအပေါ်စိတ်၀င်စားသူဖြစ်ပြီး သင်တန်းကာလ အစမှအဆုံးအထိ တက်ရောက်လိုသူ ဖြစ်ရမည်။
  • အသက်မွေးဝမ်းကျောင်းဆိုင်ရာကဏ္ဍမှ စက်မှုလက်မှုပညာသင်တန်းကျောင်းများတွင် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း

         ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များစက်မှုလက်မှုပညာသင်တန်းကျောင်း လောက်ကိုင်၊ ထားဝယ်၊ လပွတ္တာ၊ ကျောက်ဖြူ၊ ကွတ်ခိုင်၊ ပုဏ္ဏားကျွန်း၊ ဘားအံ၊ လားရှိုး၊ အောင်ပန်း များအား ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်းပိုမိုစည်းလုံး ချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲ သည့် လူငယ်များဖြစ်လာစေရန်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြို ကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်ရေးသုံးပါးကို သက်ဝင် ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သောလူငယ်များ ဖြစ်လာစေရန်၊ နယ်စပ်ဒေသစက်မှုလက်မှု လုပ်ငန်းများ ထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရန်၊ စက်မှုလက်မှု ပညာရပ်များတတ်မြောက်၍ သင်တန်းဆင်းပြီးသွားပါက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် နိုင်ခြင်းဖြင့် စားဝတ်နေရေးဘက်စုံတိုးတက်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ စက်မှု လက်မှုပညာရပ်များတတ်မြောက်၍ သင်တန်းဆင်းပြီးပါက မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ပြန်လည်ဆောင်ရွက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းကျောင်းများ ဖွင့်လှစ်ထားပြီး သင်တန်းတစ်ကြိမ်လျှင် ရက်သတ္တပတ် (၂၂)ပတ်ဖွင့်လှစ် သင်ကြားပေးပြီး ဘဏ္ဍာရေးနှစ် တစ်နှစ်တွင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။