“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

 

ဩဂုတ်လ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက် မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၃၇၁ ဒသမ ၄၆၉ သန်းဖြင့် ဟိုပန်မြို့နယ်၊ လုံးတုံးရွှေ - ယာကိုကျိုင်း - ပန်လုံလမ်း ၅ မိုင် ၅ ဖာလုံ အနက် ၂ မိုင်အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

          အဆိုပါ လုံးတုံးရွှေ - ယာကိုကျိုင်း - ပန်လုံ ကျေးရွာချင်းဆက်မြေသားလမ်း ၅ မိုင် ၅ ဖာလုံ အား နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ရာ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကတ္တရာလမ်း ၄ မိုင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။