‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂

            နယ်စပ်ရေးရာဝန်ကြီးဌာနမှ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားရေး ဘဝများမြင့်မားတိုးတက်စေရန်အတွက် နယ်စပ်ဒေသရှိ တောင်ပေါ်ဒေသကျေးရွာချင်းဆက် လမ်းများအား ကျောက်ချောလမ်းများအဖြစ် အဆင့်မြှင့်တင် အကောင်အထည်ဖော်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့တောင်ပေါ်ဒေသကျေးရွာချင်းဆက်လမ်းများအား ကျောက်ချောလမ်းအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်အတွင်း ရှိလွယ်ခါး - ထူးထူးဟော်လမ်းပိုင်း (၁/၄) မိုင်အား ကျောက်ချောလမ်းအဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၂၇၀.၂၈၀) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းခွင်သို့ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။