နိုင်ငံတော်အစိုးရအနေဖြင့် မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများကို ပုံမှန်ကျောင်းဖွင့်ချိန်အမီ ဖွင့်လှစ်နိုင်ရန် ပြုပြင်ရေးလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်ပေးခဲ့
စစ်တွေ ဇွန် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုတို့ကို လိုက်လံကြည့်ရှု အားပေးသည်။