မိုင်းဆတ်ခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ

မတ်လ ၁၈ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၂၄၄ ဒသမ ၃၄၀ သန်းဖြင့် မိုင်းဆတ်ခရိုင် ၊မိုင်းဆတ်မြို့နယ်၊ မိုင်းလုံးဒေသအတွင်း ဝမ်ပြန့် -ဝမ်အင်ကျေးရွာချင်းဆက်လမ်း ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား မိုင်းဆတ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် တာဝန်ရှိသူများမှ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ကျောက်ချောလမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာ ၂ ရွာ၊ အိမ်ခြေ ၉၅ အိမ်၊ လူဦးရေ ၄၇၄ ဦးတို့အား အကျိုးပြုမည့်အပြင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ပျောက်ကွယ်လု နီးပါးရှိနေသည့် အဲန်းတိုင်းရင်းသား လူမျိုးစုများအတွက် လူမှုစီးပွားဘဝပိုမို တိုးတက်လာမည် ဖြစ်ကြောင်း သိရှိရပါသည်။