နေပြည်တော်၊ ဇန်နဝါရီလ ၂၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Peter Batchelor သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂအဖွဲ့အစည်း များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ မြန်မာပြည်သူပြည်သားများအပေါ် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးနေမှု၏ အောင်မြင်ဖြစ်ထွန်းမှုများ၊ နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည့် အစီအမံများ၊ ရခိုင်ပြည်နယ် အတွင်းရှိ နှစ်ဖက်လူ့အဖွဲ့အစည်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲနေထိုင်ရေး၊ အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ် များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။