ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ နှင့် A.G.T.I ဒီပလိုမာ (ပထမနှစ်) သင်တန်းသား/ သင်တန်းသူ ရွေးချယ်ပွဲသို့ တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာလ ၈ ရက်

       နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) ၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဝိဇ္ဇာ၊ သိပ္ပံနှင့် A.G.T.I ဒီပလိုမာ ပထမနှစ် သင်တန်းသား/ သင်တန်းသူများ ရွေးချယ်ပွဲအား ယနေ့နံနက် (၀၉း၀၀) နာရီအချိန်တွင် အဆိုပါ ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး နှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ကျောင်းအုပ်ကြီး ဒေါ်ရီရီညွှန့်တို့မှ သင်တန်းသား ကျား (၃၄၉) ဦး ၊ မ (၁၀၁) ဦး စုစုပေါင်း (၄၅၀) ဦးတို့အား လူတွေ့စစ်ဆေးခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) သင်တန်းသား အိပ်ဆောင်များ၊ စာသင်ဆောင်များနှင့် စားရိပ်သာများ ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။