သထုံမြို့နယ် ကြက်တူရွေးသောင်လမ်းခွဲမှ ဝါးခုတ်တောကျေးရွာအထိ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို အောက်တိုဘာ ၁၁ ရက်က သထုံခရိုင်ဖွံ့ဖြိုးမှူကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
သွားရောက် ကြည့်ရှုရာတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သထုံခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူတို့က ၁၂ ပေအကျယ်၊ လမ်းအရှည် ၁/၀ မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်း စစ်ဆေးသည်။
အဆိုပါလမ်းကို ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ပြီး ဒေသထွက် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ လွယ်လင့်တကူ ရောင်းဝယ်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးအတွက် ကြက်တူရွေးသောင်လမ်းခွဲမှ ဝါးခုတ်တော ကျေးရွာအထိ ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၄၀၆ ဒသမ ၃၆၀ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်အထိ ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။