ဖေဖော်ဝါရီလ ၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်း၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာအစားအစာနှင့် ရိုးရာပစ္စည်း ဈေးရောင်းပွဲတော်ကို တိုင်းရင်းသားတို့၏ အစားအစာနှင့်ပစ္စည်းများ ရိုးရာမပျောက်စေဘဲ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် ဒီဂရီကောလိပ်၊ စစ်ကိုင်း ပင်မဆောင်အရှေ့၌ ကျင်းပသည်။
အခမ်းအနားတွင် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက တိုင်းရင်းသားရိုးရာ အစားအစာနှင့် ရိုးရာပစ္စည်းဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စီမံ၊ လေ့ကျင့်၊ သင်ကြားဌာနများမှ ဆရာ၊ ဆရာမများ ၊ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ ဒေသနှင့်လူမျိုးအလိုက် တိုင်းရင်းသား ရိုးရာအစားအစာနှင့် ပစ္စည်းများကို ပျော်ရွှင်စွာ ရောင်းချခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရန်၊ တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးညီညွတ်စေရန်၊ ငြိမ်းချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်စေရန်နှင့် ရိုးရာဝတ်စုံ၊ ရိုးရာအကများ မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုနေ့ အကြို ပဒေသာကပွဲကို ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအကဖြင့် ကပြဖျော်ဖြေကြသည်။
အဆိုပါ အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ များတက်ရောက်ခဲ့ကြောင်း သိရသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.